ကောင်မလေး " ငါကချောလား"
ကောင်လေး "ဟင့်အင်း"
ကောင်မလေးက ဆက်မေးတယ်
ကောင်မလေး "ငါနဲ့တစ်သက်လုံးအတူနေချင်လား"
ကောင်လေး "ဟင့်အင်း "
ကောင်မလေးက ဆက်မေးပြန်တယ်
ကောင်မလေး " ငါနင့်အနားကထွက်သွားရင် နင်ငိုမှာလား"
ကောင်လေး "ဟင့်အင်း"
ကောင်မလေး " မျက်နှာညိုသွားပြီး ထွက်သွားဖို့ပြင်လိုက်တယ် အဲ့ဒီအခါ"
ကောင်လေးက "ကောင်မလေးလက်ကိုလှမ်းဆွဲပြီးတော့ ပြောတယ်"
"နင်က မချောပါဘူး ငါအတွက်တော့ အရမ်းလှတာပါ"
"ငါနင့်နဲ့အတူ တစ်သက်လုံးမနေချင်ဘူးပါဘူး ငါတစ်သက်လုံးစာအတွက် နင်ကိုလိုအပ်တာပါ"
"နင် ငါ့အဝေးထွက်သွားတဲ့အခါ ငါမငိုပါဘူး ဘာကြောင့်လဲဆိုတော့ ငါသေသွားမှာပါ "
(မူရင်း သက်တန့်ချို)
0 comments:
Post a Comment