အသက်မပါတဲ့
စကားလုံးတွေနဲ့
ငါနှလုံးသားကို
ချည်နှောင်ဖို့မကြိုးစားပါနဲ့
မယုံကြည်တတ်သူအတွက်တော့
နားခါးလွန်းလို့ပါ....
တွေဝေချင်ဟန်ဆောင်မနေပါနဲ့တော့
အုံထိုင်းထိုင်းလေပြေညင်းမှာ
သင်းပျံတဲ့ရနံ့တစ်ခုလည်း
ပါမလာခဲ့ပါဘူး ....
ဝမ်းနည်းပါတယ်ဆိုတဲ့
နုတ်ဆက်စကားတစ်ခွန်းနဲ့
အချိန်တန်ရင်
ကျောခိုင်းလှည့်ထွက်သွားမှာပဲလေ
လှည့်ကြည့်မနေပါနဲ့တော့
အရာအားလုံးဟာ
တစ်နေ့တော့
လွင့်ပါးပျောက်ကွယ်သွားမှာပါ...
စကားလုံးတွေနဲ့
ငါနှလုံးသားကို
ချည်နှောင်ဖို့မကြိုးစားပါနဲ့
မယုံကြည်တတ်သူအတွက်တော့
နားခါးလွန်းလို့ပါ....
တွေဝေချင်ဟန်ဆောင်မနေပါနဲ့တော့
အုံထိုင်းထိုင်းလေပြေညင်းမှာ
သင်းပျံတဲ့ရနံ့တစ်ခုလည်း
ပါမလာခဲ့ပါဘူး ....
ဝမ်းနည်းပါတယ်ဆိုတဲ့
နုတ်ဆက်စကားတစ်ခွန်းနဲ့
အချိန်တန်ရင်
ကျောခိုင်းလှည့်ထွက်သွားမှာပဲလေ
လှည့်ကြည့်မနေပါနဲ့တော့
အရာအားလုံးဟာ
တစ်နေ့တော့
လွင့်ပါးပျောက်ကွယ်သွားမှာပါ...
1 comments:
ကဗျာချစ်တဲ့သူမို့ ကဗျာလေးလာရောက်ဖတ်ခဲ့ပါတယ်ရှင်
Post a Comment