Pages

သူအတွက်...


သူဆီက
အပြုံးတစ်ပွင့် ကြွေကျလာတဲ့အခါ
ကြည်နူး ညင်သာစွာနဲ့
ငါကောက်ယူပါစေ....
သူဆီက
အနမ်းတစ်ပွင့် ကြွေကျလာတဲ့အခါ
ရင်ခုန်လှိုက်ဖိုစွာနဲ့
ငါ ခံယူနေပါစေ...
သူဆီက
ကြွေမျက်ရည်စတွေ
ငါ့ရှေ့ ကျလာတဲ့ အခါ
ငါ့ရဲ့နားလည်မှု တံဆိပ်လေးပါတ်ထားတဲ့
ေ၇သန့်လေးနဲ့ ဖြူစင်အောင်
ဆေးကြောပေးပါစေ.....
 
           ***အဖြည်ခံနှလုံးသား***

1 comments:

မိုးနတ်ကြယ်စင် said...

အဟွတ်...စကားလုံးတွေက မဆန်းပေမဲ့
ရေးထားတာလေးက အလန်း..
တော်တော်ချစ်နိုင်တာပဲကွာ....:)

Post a Comment

Related Posts Plugin for WordPress, Blogger...