Pages

တမ်းတ


အချစ်...
မချစ်နိုင်မှန်းသိနေလျက်နဲ့    
ငါလွမ်းဆွေးစွာ
တမ်းတနေဆဲ....
သူအချစ်ကို မရနိုင်ပေမယ့်
ပြောင်းလဲလို့မရပါလား ...
နှစ်ကိုယ်တူချစ်တဲ့
အချစ်စစ်ကို
ငါမရနိုင်တာအသေချာပါပဲ....
ဒါပေမယ့်
တစ်ဖက်သက်နဲ့
တိတ်တခိုးအချစ်တွေက
သူအနားမှာ
ရှင်သန်နေလို့ကောင်းနေဆဲ...
သူသိအောင်
ပြောပြချင်ပေမယ့်
သူမမြင်နိုင်တဲ့
ငါရင်တွင်းခံစားမှုကြောင့်
သူစိတ်ပင်ပန်းမှာ
ငါအလိုမရှိပါ..
ခံစားမှုတစ်ပွေ့တစ်ပိုက်နဲ့
ဗလောင်ဆူနေခဲ့တဲ့
တိတ်တခိုးအချစ်တွေနဲ့
နင့်ကိုချစ်နေဆဲပါ....

                  **အဖြည်ခံနှလုံးသား**

ထပ်တူမကြသော


သြော်...အချစ်အချစ်
လူတိုင်းမှာရှိကြသတဲ့          
ခံစားချက်တွေမတူညီ
နားလည်မှုတွေတိမ်းစောင်း
တမ်းတသူခြင်း လွဲမှား
လွမ်းဆွေးမှု ၀င်္ကပါထဲမှာ
ကိုယ်ဆီ အလွမ်းတို့နဲ့....
ဒီလိုနဲ့ပဲ.....
နှစ်ယောက်တစ်အိပ်မက်
နှစ်ကိုယ်တူတိုင်းပြည်
ချစ်သူမြို့တော်
နှလုံးသားအိမ်တော်ရာလေးမှာ
ငါရယ်...
အလွမ်းတွေရယ် ..
ကြွေကွဲမှုတွေရယ်ပေါ့.....
မင်းမရှိနိုင်တဲ့အချိန်မှာ...

                                **အဖြည့်ခံနှလုံးသား**

ရည်စူးမူ


ချစ်သူရဲ့ဝတ္ထု


Related Posts Plugin for WordPress, Blogger...