Pages

ရနံမဲ့ချစ်ခြင်း

အသက်မပါတဲ့
စကားလုံးတွေနဲ့
ငါနှလုံးသားကို
ချည်နှောင်ဖို့မကြိုးစားပါနဲ့
မယုံကြည်တတ်သူအတွက်တော့
နားခါးလွန်းလို့ပါ....
တွေဝေချင်ဟန်ဆောင်မနေပါနဲ့တော့
အုံထိုင်းထိုင်းလေပြေညင်းမှာ
သင်းပျံတဲ့ရနံ့တစ်ခုလည်း
ပါမလာခဲ့ပါဘူး ....
ဝမ်းနည်းပါတယ်ဆိုတဲ့
နုတ်ဆက်စကားတစ်ခွန်းနဲ့
အချိန်တန်ရင်
ကျောခိုင်းလှည့်ထွက်သွားမှာပဲလေ
လှည့်ကြည့်မနေပါနဲ့တော့
အရာအားလုံးဟာ
တစ်နေ့တော့
လွင့်ပါးပျောက်ကွယ်သွားမှာပါ... 

ပြတင်း

ကလေးဘ၀တည်းက
အခုချိန်ထိ ...ထိမိသမျှ
ကျကွဲတတ်လွန်းလို့
စွဲမြဲစွာသောက်သုံးခဲ့တဲ့
ကောင်ဖီကိုတောင်မသောက်တော့ဖို့
ဆုံးဖြတ်ခဲ့မိတယ်..
အချစ်နတ်ဆိုးကပေးတဲ့
နှလုံးသားမှာစွမ်းအင်တွေ
ကုန်ခမ်းနေလို့ စနစ်ကျလွန်းတဲ့
ကံမကောင်းခြင်းတွေကိုပဲ
အပြစ်တင်ရမလား ....
ရနံ့မဲ့ ချစ်ခြင်းတွေနဲ့
နှစ်သိမ့်တတ်တဲ့
လေပြည်ညင်းလေးရေ
ငါ့ရဲ့ညပြတင်းထဲ
တိုးဝင်မလာပါနဲ့
ကြောက်လန့်နေတဲ့
နှလုံးသားလေးကို
ငြိမ်ငြိမ်နေခွင့်ပေးပါ
Related Posts Plugin for WordPress, Blogger...