Pages

နေဆယ်စင်း လဆယ်ဆူ

* တစ်ခါတစ်လေ
   နေဆယ်စင်းလို ပူပြင်းတယ်(ခင်)..
* တစ်ခါတစ်ခါ
   ရင်မှာရွှင်ပျ ၊လ ဆယ်ဆူနှယ်
   ကြည်နူးတယ် (ခင်)...
* မောင့်ရင်တွင်းမှာ
   နေမင်း လမင်း၊ဆယ်စင်းပြိုင်တူ
   ပူကြသာကြ၊ ခံစားရအောင်
   လွမ်းရဆွေးရ၊ကြည်နူးရအောင်
   နှောင်တွယ်ကျွမ်းရစ် ၊သောကဖြစ်သည်
   အချစ်ဆိုတာ ဒါလား (ခင်)...
               
               (မောင်စိန်ဝင်း) 

အရိပ်

* နေရောင်အောက်မှာလည်း
   အရိပ်မည်း ရှိတတ်တယ်...
* လရောင်အောက်မှာလည်း
   အရိပ်မည်း ရှိတတ်တယ်...
* အလင်းရောင် ကွယ်ဆိတ်တော့
   အရိပ်လည်း ပျောက်ပြန်တယ်....
* မောင့်ရင်မှာ
   အရိပ်မည်း ထင်နေတယ်....
* နေ လ ရောင် ကွယ်ဆိတ်ပေမယ့်
   သည်အရိပ် မပျက်ပြယ်ပါ....
* မေတ္တာ အလင်းနဲ့
   သတိရခြင်း ဆိုတဲ့ အရိပ်လေးတစ်ခုက
   ချစ်သူအတွက်
   အရိပ်မည်းတစ်ခုဆိုရင်တောင်
   လေးနက်ခြင်း သက်သေအဖြစ်နဲ့
   ရှင်သန်နေတာ
   နားလည်ပါစေ ချစ်သူ...

                           ** အဖြည့်ခံနှလုံးသား**
                          ( ဆရာမောင်စိန်ဝင်းကဗျာ စာသားအနည်းငယ်နှင့် ပေါင်းစပ်ရေးသားခြင်း)

တမ်းတ


ပုံအောပြီးပေးလိုက်တဲ့
ငါအချစ်တွေကို
မင်းကလှောင်၇ီနေမှာလား...?
၇ှုးသွပ်စွာ
မင်းမှမင်းပဲတမ်းတမိတဲ့
ငါ့အတ္တကို
မင်းကလှောင်၇ီနေတာလား ...?
တစ်ခဏလေးတောင်
မင်းနဲ့မခွဲနိုင်တာ
တစ်ဘ၀လုံးအတွက် မင်းချန်ရစ်ခဲ့တော့
ပေးလိုက်တဲ့ အချစ်တွေကို
မင်းကနင်းချေပြီးထွက်သွား
လွမ်းမိတဲ့ ငါအဖြစ်တွေကို
မစာနာနိုင်တော့ခက်သား
လွမ်းမိတာကိုလဲ တားမရ
ဆက်ချစ်ဖို့ကလည်းမဖြစ်
မုန်းလိုက်ဖို့ဆိုတာလည်း ငါမတွေးဝံ့
ဒီလိုနဲ့ပဲ
အလွမ်းတွေကိုအဖော်လုပ်ပြီး
နေ့ရယ် ညရယ် ဒီအလွမ်းတွေရယ်..
အဖြည့်ခံ နာမည်လေးနဲ့ ငါပိုင်ဆိုင်ခဲတဲ့နှလုံးသား
မင်းအတွက်အဖြည့်ခံ ဘ၀လေးနဲ့
ရှင်သန်နေရင်း
မင်းကိုတောင်းတနေမိတယ်ဆိုတာ
မမြင်နိုင်တဲ့ နေရာလေးက
မင်းသိနားလည်နိုင်ပါစေသား
ငါဆုတောင်းလျက်......
   ***အဖြည့်ခံနှလုံးသား ***


Related Posts Plugin for WordPress, Blogger...