Pages

**ရသ**


ပန်းတွေတောင်ကြွေကျမြေခနေရင်
မင်းရှေ့မှာဒူးထောက်ကာ
ခစားဝင်ချင်တဲ့
ငါခံစားတွေက
နှလုံးသားရဲ့စေခိုင်းမှုအောက်က
သဘာဝကျတဲ့
အဖြစ်ပျက်လေးတစ်ခုလို
အသိမှတ်ပြုလေးနိုင်ရင်
ထာဝရအတွက်
ငါကျေနပ်နိုင်ပါတယ်
ချစ်ရသူရယ်....

**အဖြည့်ခံနှလုံးသား**

တစ်ဖက်သက် အချစ်


ချစ်တိုင်းလည်း
ပြန်မချစ်ပြန်..
ချစ်တဲ့သူကျတော့
ကိုယ်ကမကြိုက်...
လွမ်းလိုက်တိုင်း
သူကမခံစားတက်..
ကြင်နာတတ်သူရဲ့ဂရုစိုက်မှုတွေကို
ကိုယ်ကမမြင်ပြန်...
အနီးကလူကိုတော့မမြင်
 အဝေးကလူကိုတမ်းတနဲ့...
ဟာတာတာရင်ဘက်တွေနဲ့
နောက်ဆုံးကျ ရခဲ့တာက
သူမချစ်နိုင်တဲ့ ရင်ဘက်တစ်နေရာက
ဘာမှန်းမသိတဲ့ အလွမ်းတွေပါလားကွယ်....
                                          **    အဖြည့်ခံနှလုံးသား**

စောင့်မျှော်နေသူ


မင်းအတွက်
ငါနှလုံးသားကို စတေးခဲ့ပြီးပြီနော်
ချစ်သူ...
ငါဘ၀ထဲ  မင်းဝင်လာဖို့ပဲ
ကျန်တော့တယ်....
မျှော်လင့်ခြင်းတံခါးကိုဖွင့်ပြီး
စိတ်ကူးယဉ်အိပ်မက်တွေထဲမှာ
မင်းကိုစောင့်နေမယ်
မိုးသောက်လို့ငါမျက်လုံးလေးပွင့်လိုက်တဲ့အခါ
ငါရှေ့မှာရပ်နေမယ့်သူက မင်းဖြစ်ပါစေလို့
ငါဆုတောင်းရင်းနဲ့...........
                         **အဖြည့်ခံနှလုံးသား**
                   
Related Posts Plugin for WordPress, Blogger...