Pages

မရက်စက်ပါနဲ့


မသိစိတ်ရဲ့ ဦးတည်ရာ

ဆုံမိတဲ့ မျက်ဝန်း                        
နူးညံတဲ့ အပြုံးနဲ့
နွေးထွေးတဲ့ နုတ်ခမ်းတစ်စုံ
ငါ့အသွေးသားကို ထိုးဖောက်
ငါ့နှလုံးသားကို ဓါစားခံ
မင်းအပြစ် ကင်းစင်ခြင်းနဲ့
ခါးသီးစွာမြတ်နိုးရင်း
ငါဟာ မင်းရဲ့ ကြိုးဆွဲရာ အရုပ်တစ်ခုပါ
သိစိတ်ကိုဖယ်ရှား မသိစိတ်ဝန်းကျင်မှာ
ငါခန္ဓာလည်ပတ်နေတာ မင်းပဲ့ကိုင်သမျှနဲ့
ရွက်လှေငယ်ပမာ လွင့်မျောရင်း
အိပ်မက်ဦးတည်ရာသို့  ဦးတည်ရင်း   ..........

               **အဖြည်ခံနှလုံးသား**


နင်နောင်တမရပါစေနဲ့

ပေးခဲ့ဘူးတဲ့အချစ်တွေ


မထိုက်လို့ လွဲခဲ့တဲ့ 

နင်အချစ်တွေအတွက် ..ငါနောင်တ မရဘူး


သုံးစွဲလိုက်ရတဲ့ ငါ့အချိန်တွေ


နင်အလွဲသုံးစား လုပ်ခဲ့တဲ့


ငါ့ မျှော်လင့်ခြင်းတွေ အတွက်လဲ ငါနောင်တ မရဘူး


ရယူမှုတွေ မပါပဲ ပေးဆပ်ခဲ့တဲ့ အကြိမ်တွေနဲ့


ငါ့ရဲ့ တန်ဖိုးထားမြတ်နိုးမှုကို နားမလည်ပဲ


အပေါ်ယံတွေနဲ့ ပျော်ရွှင်ခဲ့တာတွေ အတွက် ငါနောင်တမရဘူး


အချစ်တစ်ခုကို အတည်ပြုပြီး နင့်ကိုပဲ ရူးခဲ့တဲ့


နင် သံယောဇဉ်တွေ အတွက်လဲ ငါနောင်တ မရဘူး 


အချစ်တစ်ခုကို အတည်ပြုပြီး နင့်ကိုပဲ ရှုးခဲ့တာ


တွယ်တာသမျှကို ဥပေက္ခာပြုရင်း တစိမ်းဆန်ခဲ့တဲ့


နင့်သံယောဇဉ်တွေ အတွက်လဲ  ငါနောင်တမရဘူး


နင်စိတ်ပျက်အားငယ်တိုင်း


နင့်ဆီရောက်လာပြီး အားငယ်မှုတွေ ဖျောက်ဖျက်ပေးခဲ့တာတွေ


နင်ပျော်ရွှင်တဲ့ အခါတိုင်း


ငါ့ကို မေ့ထားခဲ့တာတွေ အတွက် ငါနောင်တမရဘူး


တခြားသူနဲ့ နင်ပျော်မြူးနေချိန်တိုင်း


ကျခဲ့ရတဲ့ ငါမျက်ရည်အတွက်


နင့်ဘေးမှာ ဘယ်သူမှ မရှိတဲ့အခါ ငါ့ရဲ့ ဂရုစိုက်မှုတွေကို


နင်အလိုရှိခဲ့တာတွေ အတွက်လဲ ငါနောင်တ မရဘူး


နောက်ဆုံး နာကျည်းမှုတွေများခဲ့လို့


နင့်ကို မေ့ရက်သွားခဲ့တဲ့ ငါ့နှလုံးသား တစ်ခုအတွက်လဲ


နင် နောင်တမရပါစေနဲ့


   (သူငယ်ချင်းတစ်ယောက်ကဗျာလေးပါ)    

ကြည်နူးစရာလေးပါ


ကောင်မလေး " ငါကချောလား"

ကောင်လေး  "ဟင့်အင်း"

ကောင်မလေးက ဆက်မေးတယ်

ကောင်မလေး  "ငါနဲ့တစ်သက်လုံးအတူနေချင်လား"

ကောင်လေး  "ဟင့်အင်း "

ကောင်မလေးက ဆက်မေးပြန်တယ်

ကောင်မလေး   " ငါနင့်အနားကထွက်သွားရင် နင်ငိုမှာလား"

ကောင်လေး  "ဟင့်အင်း"

ကောင်မလေး " မျက်နှာညိုသွားပြီး ထွက်သွားဖို့ပြင်လိုက်တယ် အဲ့ဒီအခါ"

ကောင်လေးက "ကောင်မလေးလက်ကိုလှမ်းဆွဲပြီးတော့ ပြောတယ်"

"နင်က မချောပါဘူး ငါအတွက်တော့ အရမ်းလှတာပါ"

"ငါနင့်နဲ့အတူ တစ်သက်လုံးမနေချင်ဘူးပါဘူး ငါတစ်သက်လုံးစာအတွက် နင်ကိုလိုအပ်တာပါ"

"နင် ငါ့အဝေးထွက်သွားတဲ့အခါ ငါမငိုပါဘူး ဘာကြောင့်လဲဆိုတော့ ငါသေသွားမှာပါ    "

                                            (မူရင်း  သက်တန့်ချို)
Related Posts Plugin for WordPress, Blogger...