Pages

မင်းမရှိတဲ့နေရာ

မင်းအနား၇ှိနေခိုက်
ငါဘာမှမသိခဲ့သလိုနဲ့
မင်းမ၇ှိတဲ့အချိန်တွေေ၇ာက်မှ
ငါ၇င်နဲ့မဆန့်အောင် ခံစားနေ၇တယ်ချစ်သူ...
တစ်ချိန်က ငါအနားမှာ မင်းပြောတဲ့
တီတီတာတာစကားလေးတွေနဲ့
ပျော်စရာကောင်းတဲ့ ငါနေရာလေးက
မင်းမရှိခိုက် ဇ၇ပ်အိုလိုခြောက်ကပ်နေပါတယ်
တစ်ချိန်က မင်းနဲ့အတူပျော်ပါးခဲ့တဲ့ ငါနေရာလေးမှာ
မင်းမ၇ှိခိုက် သုသာန်လိုငိုကြွေးသံတွေသာ
ကြားနေ၇တဲ့နေရာတစ်ခုဖြစ်နေပါတယ်
တစ်ချိန်က မင်းအတွက်ပျော်၇ွှင်စ၇ာ
ချစ်ကဗျာလေးတွေေ၇းခဲ့ဖူးတဲ့ ငါနေရာလေးမှာ
ဒီချိန်မှာတော့ မျက်၇ည်စက်တွေနဲ့
အလွမ်းကဗျာလေးတွေသာ ကဗျည်းတင်နေပါတယ်
ရင်ထဲမှာ လှိုက်လှဲစွာနဲ့ မင်းကိုတမ်းတနေတယ်ဆိုတာ
မင်းသိအောင်ငါမဟစ်ငြေ်္ကးခဲ့ပေမယ့်
ငါမျက်ဝန်းအိမ်မှ မျက်ရည်စတွေက
လေပြေညင်းနဲ့အတူမျှောလွင့်ရင်း
မင်းနားမှာ ငွေ့ပြန်ရစ်ဝယ်နေတယ်ဆိုတာ
မင်း သိနိုင်ပါစေ
         (အဖြည့်ခံနှလုံးသား)

ပျော်ရွှင်ခြင်းသော့ကိုဆုတ်ကိုင်နိုင်ပါစေဗျာ


တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။

ဥပမာ-- (၁) တစ်ဘက်လူရဲ့ဘဝအခြေအနေကိုလေးစားပါ။
ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။
စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။
"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။
"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။
ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကိုလေးစားရမယ်။
ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။
အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။
သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ? စိတ်တိုဒေါသထွက်ခဲ့သလဲ? များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ!
ဥပမာ-- (၃) ဝေဖန်ခြင်းကိုချီးမွမ်းခြင်းဖြင့်အစားထိုးပါ။
ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လို မာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။
မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံဆော်နိုင်ခဲ့ဘူး။
ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။
"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား? သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"
အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။
"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ!"
အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာဆူပုပ်တဲ့ အပြုအမှုတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဘက် ပြောင်းလဲစေပါတယ်။
လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်တယ်။
(မျှဝေလိုက်ပါတယ်ဗျာ)

အချစ်ဆိုတာ


ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်

သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်

ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ

ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်

သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်
နှိုင်းယှဉ်နေမယ်

သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။

အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှ
ရွေးကောက်နေတာ။

မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့
ဆိုရင် ဘယ်ပြီးတော့မလဲ။

ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင် ကျောက်ခဲက
အဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။

ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..

မှားတယ်..

ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်

စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့
လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့စကားသံ

“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူက
ပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါပေးတယ်၊ ခုဆိုရင်
သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”

ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာကြေငြာနေတလိုပါပဲ……

နောက်တစ်ခုပြောချင်သေးတယ်

ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး
စားပြီးပြီလားမေးလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရော
ဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့
မမြင်ချင်ယောက်ဆောင်တယ်။

အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး
သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာကော ဘာကြောင့်ပါလဲ….

ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။

သူတို့ကို အားမကျဘူးလား…..

လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး

လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊
တစ်ယောက်အတွက်တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။

လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။

အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်
တလောကလုံးသိအောင် ကြေငြာထားတာပါ။

အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။

နောက်ဥပမာတစ်ခုက…ချစ်သူရည်းစား
ချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို
ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။ ကောင်မလေးက မထင်မှတ်တဲ့
ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။

ဒါကို ကောင်လေးက “အမြဲနောက်ကျနေတ်ာပဲ ဒီလိုစောင့်နေရတာ
ငါစားချင်စိတ်တောင်မရှိတော့ဘူး။
”လို့ပြောတော့ ကောင်မလေး ရင်ထဲမှာ
အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့
သူ့မှာအင်အားမရှိတော့ဘူး။

ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား
အဆင်ပြေသွားပြီလား”ဆိုပြီး မိုးစက်လေးတွေကို
သုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲကွယ်။

နားလည်ပေးပါ……….

အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…

တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။

တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။

တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။

အမှားသိပြီး ပြင်တတ်ရမယ်။ယုယရမယ်။

လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။

ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။

အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။

မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။

ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။

မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။

အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။

သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟုတ်။

သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။

အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေး
လွတ်လို့ရတာမဟုတ်………………..

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင်
အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။

လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။

လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။

အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။

အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။

(ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်)

ဖတ်ခဲ့ဘူးတဲ့ ဇတ်လမ်းတိုလေးပါ ကောင်းမယ်ထင်လို့တင်လိုက်တာပါ

  အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို


" ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
 

လေးနက်စွာပြောသောချစ်စကား


နွေနေ့ခင်းပူပြင်းလည်း မင်းကို ငါသတိရတယ်...
မိုးဖွဲလေးတွေရွာသွန်းလည်း မင်းကို ငါသတိရတယ်...
ဆောင်းနှင်းတွေကျဆင်းလည်း မင်းကို ငါသတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်...
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကိုလွမ်းနေမိတယ်...
အချစ်ဆုံး.. အချစ်ဆုံး.. သူများတွေပြောတိုင်း ငါရယ်နေမိတယ်၊ အရူးတွေလို့ ထင်နေခဲ့မိတယ်...
ငါမင်းကိုချစ်မိတော့မှ အရူးဆိုတဲ့ဂုဏ်ပုဒ်ကို ငါကျေကျေနပ်နပ် ခံယူခဲ့တယ်ချစ်သူ...

မျက်ဝန်းချင်း၊ နှလုံးသားချင်း ထပ်တူစွာခံစား... အပြုံးများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ ဘ၀ချင်းထပ်တူကျ၊ စိတ်ချင်းနားလည်ကြနဲ့
သက်ဆုံးတိုင်ယုယမယ်ဆိုတာ သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့ နှစ်ကိုယ်တူမူပိုင်စကား
အမြဲကြားရတာက   ချစ်တယ်.....

အခုထိ ယနေ့ထက်ထိ မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကိုတင်းတင်းဆုပ် မဖြုတ်တမ်းလျှောက်လှမ်းမိမှာ ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ် သူနဲ့ကိုယ့်နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား     ချစ်တယ်.....

စိုးစိတ်


နှလုံးသားဦးတည်ချက် (၄)ရပ်


****မင်းသိပါစေ


ပန်းတွေတောင်ကြွေကျမြေခနေရင်
မင်းရှေ့မှာဒူးထောက်ကာ
ခစားဝင်ချင်တဲ့
ငါခံစားတွေက
နှလုံးသားရဲ့စေခိုင်းမှုအောက်က
သဘာဝကျတဲ့
အဖြစ်ပျက်လေးတစ်ခုလို
အသိမှတ်ပြုလေးနိုင်ရင်
ထာဝရအတွက်
ငါကျေနပ်နိုင်ပါတယ်
ချစ်ရသူရယ်....

**အဖြည့်ခံနှလုံးသား**
Related Posts Plugin for WordPress, Blogger...