Pages

ကျွန်တော်ပြောမိတဲ့ သူ့အကြောင်းလေး.......

ကျွန်တော် အကြောင်းလေးပါ ခံစား၇တာတွေပေါ့သွားမလားလို့ေ၇းခဲ့မိတာပါ
လွမ်းတယ်လို့ခေါင်းစဉ်တက်၇အောင်လည်း သူနဲ့ကျွန်တော်ဘာမှမဆိုင်ခဲ့တဲ့
သူတွေပါ ဒါပေမယ့်ဗျာ
သူအသံလေးကိုကျွန်တော်ကြားချင်တယ်
သူမျက်နှာလေးကိုကျွန်တော်မြင်ချင်တယ်
သူနဲ့တွေ့နေတဲ့အချိန်မှာ ကျွန်တော်ပျော်နေတယ်
သူအကြောင်းတွေကိုမတွေးဘဲ အလိုလိုခေါင်းထဲေ၇ာက်ေ၇ာက်လာတယ်
 အဲ့ဒါဆိုကျွန်တော် ဘာလုပ်သင့်ပြီလဲချစ်တယ်လို့ ပြော၇မလား၊၊၊၊၊
 အချစ်အကြောင်းကိုကဗျာတွေ များကြီးေ၇းခဲ့ဖူးပါတယ်
 သူများနေရာကနေခံစားပြီးရေးခဲ့တာလား ဖတ်လို့ကောင်းတဲ့ ကဗျာလေးတွေကိုအခြေခံပြီးတော့ေ၇းမိတာလား
ချစ်တယ်လိဖွင့်ပြောဖို့က လွယ်လွယ်လေးပါ ဒါပေမယ့်
သူပြန်ချစ်နိုင်ဖို့ကတော့ လွယ်ပါ့မလား ထောင်တန်တဲ့စကား
၇ယ်ပေါ့တယ်ဆိုသလို   အချစ်အချစ်နဲ့လူတိုင်း ပြောနေတော့
 ချစ်တယ်လို့ဖွင့်ပြောတဲ့အခါ တန်ဖိုးများမဲ့နေမလား
 ဒီအတိုင်းလေးပဲနေတာကောင်းမလား

ဒါပေမယ့် အရင်ကဒီတိုင်းလေးနေလို့၇တယ်သူနဲ့တွေ့တော့ ကျွန်တော်အချိန်တွေကို
 သူကသိမ်းပိုက်သွားတယ် ဘာလုပ်လုပ်
 အလုပ်တစ်ခုခုလုပ်ပီးတိုင်း သူအကောင့်လေး တက်လာပီလားဆိုတဲ့
 အတွေးတွေနဲ့ ပြေးပြေးကြည့်မိတာအမောပဲ
 သူအကောင့်လေး ခနလေးတက်ပြီးတော့ ပြန်အောက်သွားရင်
 သူများကျွန်တော်ကို စကားမပြောချင်လို့ အောက်သွားတာလား
 ဆိုတဲ့အသိက ခေါင်းထဲကိုအလိုလို ၀င်ေ၇ာက်လာမိတယ်
ကျွန်တော်ဘာလုပ်သင့်လဲ သူငယ်ချင်းတို့၇ယ်.............
 သူနဲ့စတွေ့တဲ့နေ့လေးကတည်း သူနဲ့စကားပြောတာသူများတွေနဲ့
မတူသလို ခံစားမိတာအမှန်ပါ.. ကျွန်တော်အကြောင်းတွေကို
 သူကိုပြောပြပါတယ် သူကမေးတယ်ကျွန်တော်ချစ်သူအကြောင်းကို
ကျွန်တော်ဘယ်ကစပြောရမှန်းမသိဘူးဖြစ်သွားတယ်
သူနဲ့တွေ့တယ်  ကျွန်တော်မှာချစ်သူမရှိဘူးလို့ ပြောရင် သူက
လက်ခံနိုင်ပါ့မလား  ကျွန်တော်စဉ်းစားမိလို့ပါ
ဒီအတိုင်းလေး မသိသလိုနေ စကားလွဲပြောမိပါတယ်
အချစ်ဆိုတာလည်းထုတ်ဖော်ပြလို့၇တဲ့အရာဆိုကောင်းသားဗျာ
ထုတ်ဖော်ပြလို့မရတော့ အတုယောင်တွေများတဲ့ခေတ်မှာ
အချစ်စစ်ဆိုတာလေးကို ဘယ်လိုယုံကြည်အောင်ပြော၇မလဲ
ကလောင်နာမည်လေးအတိုင်း အဖြည်ခံနှလုံးသားဆိုသလို
 ကျွန်တော် အဲ့လိုလေးပဲနေသွား၇မလား
အလွမ်းကဗျာလေးတွေနေ၇ာမှာ
အချစ်ကဗျာလေးတွေတော့ ခံစားကြည့်ချင်တယ်ဗျာ
 ကျွန်တော်ဘာလုပ်သင့်လဲ  အချစ်ဆိုတာအတွက်
ကျွန်တော်လက်တွေ့ခံစားမိလာတဲ့အခါမှာ
ကျွန်တော်အတွေးတစ်ခုနဲ့စဉ်းစားလိုက်မမီတော့ဘူးဖြစ်နေတယ်
ဒီလိုခံစားမှုကိုကူညီခိုင်းမယ်ဆိုရင်တောင် ကျွန်တော်ကောင်မလေး
သိသွားခဲ့ရင်တောင် ကျွန်တော့်ကိုအထင်သေးနေမလား
ဘာလို့လဲဆိုတော့   ကိုယ်တိုင်တောင်သေချာမသိပဲ
အဲ့စကားတစ်ခွန်းကိုပြောဖို့ကြိုးစားမယ်ဆိုတော့လေ
ကျွန်တော်မသိလို့ပြောမိတာတော့မဟုတ်ခဲ့ပါဘူး
ဘာလို့လဲဆိုတော့  စစ်မှန်မှုဆိုတာကိုသက်သေပြချင်လို့
အကောင်းဆုံးယုံကြည်မှုဖြစ်စေမယ် ရိုမက်လေးတစ်ခုခုနဲ့
အိပ်နေတဲ့နှလုံးသားလေးကို နိုးထစေချင်တာပါ
ကဗျာချစ်သော သူငယ်ချင်းများကူညီပေးကြပါအုံး
ကျွန်တော်ဘာဆက်လုပ်သင့်လဲဆိုတာကွန့်မက်လေးတွေဖြင့်ပေါ့
သူငယ်ချင်းများရဲ့ကွန်မက်လေးများကိုမျှော်လင့်လျှက်
 
                                     **အဖြည့်ခံနှလုံးသား**






ကောင်းမယ်ထင်လို့ထင်လိုက်တာပါ


ကျွန်တော်အ၇မ်းကြိုက်လို့ တင်ထားထားပါ သူငယ်ချင်းများလည်းမျှဝေခံစားနိုင်ရန်

မောင်...
တစ်ယောက်ယောက်က
ရှေ့တိုးလာမှ
ကျွန်မတို့နီးရမယ်ဆိုရင်
အဲ့ဒီခြေတစ်လှမ်းကို
...မောင် တိုးလာလိုက်ပါ
ကျန်တဲ့ခြေလှမ်းအတွက်
ကျွန်မတာဝန်ယူပါတယ် ....(လွန်းထားထား)

တိတ်တခိုး

နှလုံးသားရဲ့ စေညွန်ရာကို
ဦးနှောက်က တားမြစ်သော်လည်း
ထိန်းချုပ်မရတဲ့ ခံစားမှုက
သူအလိုလို ဖြစ်ပေါ်နေတော့
ဦးနှောက်ရဲ့ စေညွန်ရာမှာ
အသက်မပါတဲ့ရှင်သန်မှုထက်
နှလုံးသားစေညွန်ရာအရပ်မှာ
ကြွေကွဲစွာ ခံစားနေခြင်းကိုပဲ
ငါကျေနပ်စွာနဲ့
လက်ခံလိုက်ပါတော့မယ်

      **အဖြည့်ခံနှလုံးသား**

သိခွင့်ပေးပါ

*  ကန့်သတ်ထားတဲ့ စည်းတွေနဲ့
    စောင့်ထိန်းရမယ့် အသိတွေကြားမှာ
    ချစ်စကားတစ်ခွန်းက
    ပျောက်ကွယ်စပြုရတော့မှာလား
*  သူငယ်ချင်းနှစ်ယောက်ကြားမှာ
    သံယောဇဉ်
*  မုန်းသူနှစ်ယောက်ကြားမှာ
    မာန တရား
*  ချစ်သူတွေကြားမှာ
    ရင်ခုန်သံဇဉ်တွေဆိုရင်
*  တို့နှစ်ယောက်ကြားမှာ
    ဘာရှိနိုင်မလဲ ...?
             
          **အဖြည့်ခံနှလုံးသား** 

မင်း


ကောင်မလေးသိပါစေ

ကောင်မလေး  ....
ရင်ခုန်သံဆိုတာ လုပ်ယူလို့မှမရတာ
သူအလိုဖြစ်ပေါ်လာတဲ့ ငါ့နှလုံးသားစေခိုင်းမှုကို
မလွန်ဆန်နိုင်တာကို အပြစ်မယူပါနဲ့လား
ကောင်မလေး ...
လူတစ်ယောက်ကိုတစ်ယောက် ခင်မင်မှုမှာ
ရိုးသားဖြူစင်မှု ကင်းတဲ့  ၁၅၀၀ အချစ်တွေ
ငြိတွယ်ပြီး ငါမျက်လုံးတွေထဲက
မင်းကိုပြောနေမိတာ မင်းမျက်ဝန်းတစ်စုံက
လက်ခံပေးပါလား
ကောင်မလေး
ချစ်တာကိုဖွင့်ပြောဖို့ အင်အားမရှိဘဲ
ကြောက်၇ွံ့နေပေမယ့် မင်းအတွက်
ငါဘ၀နဲ့ထပ်ထူချစ်နေတဲ့  အချစ်တွေက
ငါရင်မှာ ဘယ်လောက်ထိ
ရှင်သန်ကြီးထွားနေတယ်ဆိုတာတော့
မင်းကိုနားလည်စေချင်ပါတယ်....
           
  ***အဖြည့်ခံနှလုံးသား***

နုတ်ဖျားကမပြောဖြစ်သော ကျွန်တော်ရင်ခုန်သံ

မေး == နင်ငါ့ကိုလွမ်းလား
ဖြေ== ငါညာတတ်သူတစ်ယောက်မို့ ဆက်ပြီးညာချင်ပါတယ်
          သေတာတောင်မလွမ်းဘူး
မေး== နင်ငါ့ကိုချစ်နေတာမှတ်လား
ဖြေ ==ငါဟန်ဆောင်ကောင်းတဲ့သူတစ်ယောက်မို့ ထပ်ပြောမိမှာပါ
           နင်ကိုချစ်တယ်ထင်နေရင် နင်မှားသွားမှာပေါ့
မေး ==နင်ငါ့ကြောင့်အိပ်ေ၇းပျက်ညတွေများနေပီဆို
ဖြေ==နင်မပါတဲ့ အိပ်မက်တွေနဲ့ ငါအိပ်စက်ကောင်းနေဆဲ

                     *** အဖြည့်ခံနှလုံးသား**

Related Posts Plugin for WordPress, Blogger...