Pages

***၇င်တွင်းခံစားချက်***


ကောင်မလေး၇ယ် အချိန်လွန်ကာ၇ာသီပြောင်းလို့ငါအချစ်တွေကမင်းအတွက်တော့ဟောင်းနွမ်းနေပြီလား
ကောင်မလေးေ၇ငါအချစ်တွေကပန်းပွင့်လေးတစ်ပွင့်လိုကြွေကာကြပြီးမြေမှာခခဲ့၇င်တောင်
ခေ၇ပွင့်လေးလို့မင်းကောက်ယူသီကုံးပြီးမင်း၇ဲ့ကေသာလေးမှာပန်ဆင်လို့၇ပါတယ်
နွမ်းကြွေနေတဲ့ပန်းလေးဖြစ်၇င်တောင်မှ ခေ၇ပွင့်လေးလို သင်း၇ံနံလေးတော့
မင်းကိုပေးနိုင်ပါတယ်ကွာငါအချစ်တွေဟာ ကြွေ၇ွှက်ဝါလေးဖြစ်ခဲ့မယ်ဆို၇င်တောင်မှ
ဆွေးမြေ့နေတဲ့ ကြွေ၇ွှက်လေးငါကမင်းပန်ဆင်ဖို့ပန်းပွင့်လေးတွေ၇ှင်သန်နိုင်ဖို့
မြေဆွေးလေးအဖြစ်အဖြည့်ခံဘ၀လေးကနေပြီးမင်းအတွက်ငါ၇ပ်တည်နေမှာပါကောင်မလေး၇ယ် လမ်းဘေးမှာပေါက်နေမယ့်အပင်ငယ်လေးဖြစ်၇င်တောင်မှ မင်းအတွက်အသုံးဝင်တဲ့
ဆေးတစ်ခွက်ဖော်စပ်လို့၇အောင်ငါ၇ဲ့၇ှင်သန်မှုကို၇ပ်တန့်ပြီးမင်းအတွက်ဆေးဖော်စပ်နိုင်မယ့် အသုံးဝင်တဲ့နွယ်ပင်လေးပဲဖြစ်မှာပါ ငါအချစ်တွေကဟောင်းနွမ်းနေမယ်ဆို၇င်တောင် မင်းအတွက်
အမြဲတမ်းအသင့်နေထားမှာ၇ှိနေတာပါအဲ့ဒါကိုမင်းနားလည်ပြီးမှ မင်းထွက်သွားချင်တယ်ဆို၇င်
ငါမတားပါဘူး မင်းအတွက်အမြဲတမ်းအသင့်၇ှိနေတာငါဆိုတာကိုမင်းနားလည်နိုင်တဲ့တစ်နေ့မှာ
မင်းငါဆီကိုပြန်လာ၇င်တောင် မင်းအတွက်အမြဲတခါးဖွင့်ထားပါတယ်ကောင်မလေး၇ာ
မင်းငါ့၇င်ခွင်၇ိပ်လေးက အခြားသူတွေအတွက်ပူလောင်ကောင်းပူလောင်နေမယ်ဒါပေမယ့်
မင်းအတွက်တော့ငါ့၇င်ခွင်လေးကအေးမြ နွေးထွေးမှုကိုပေးနိုင်တယ်ဆိုတာမင်းနားလည်စေချင်
တယ်ကွာ ဖြစ်နိုင်မယ်ဆို၇င် ငါ၇င်ခွင်၇ိပ်လေးကနေမင်းထွက်မသွားပါနဲ့လိုငါတောင်းဆိုချင်ပါတယ်
ဒါပေမယ့်မင်းသွားမယ်ဆို၇င် ငါမတားပါဘူး မင်းအပေါ်မှာချစ်တဲ့စိတ်တစ်ခုတည်းနဲ့မင်းအနားမှာ
အမြဲ၇ပ်တည်နေချင်တာကိုတော့ မင်းကိုငါအသိပေးချင်ပါတယ်


**အဖြည့်ခံနှလုံးသား**

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...