Pages

လေးနက်စွာပြောသောချစ်စကား


နွေနေ့ခင်းပူပြင်းလည်း မင်းကို ငါသတိရတယ်...
မိုးဖွဲလေးတွေရွာသွန်းလည်း မင်းကို ငါသတိရတယ်...
ဆောင်းနှင်းတွေကျဆင်းလည်း မင်းကို ငါသတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်...
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကိုလွမ်းနေမိတယ်...
အချစ်ဆုံး.. အချစ်ဆုံး.. သူများတွေပြောတိုင်း ငါရယ်နေမိတယ်၊ အရူးတွေလို့ ထင်နေခဲ့မိတယ်...
ငါမင်းကိုချစ်မိတော့မှ အရူးဆိုတဲ့ဂုဏ်ပုဒ်ကို ငါကျေကျေနပ်နပ် ခံယူခဲ့တယ်ချစ်သူ...

မျက်ဝန်းချင်း၊ နှလုံးသားချင်း ထပ်တူစွာခံစား... အပြုံးများဖလှယ်ကြရင်းနဲ့
နေ့ရက်ပေါင်းများစွာရဲ့ စက္ကန့်တိုင်းမှာ ဘ၀ချင်းထပ်တူကျ၊ စိတ်ချင်းနားလည်ကြနဲ့
သက်ဆုံးတိုင်ယုယမယ်ဆိုတာ သူနဲ့ကိုယ်သာ သိမြင်ခံစားရတဲ့ နှစ်ကိုယ်တူမူပိုင်စကား
အမြဲကြားရတာက   ချစ်တယ်.....

အခုထိ ယနေ့ထက်ထိ မပြောင်းလဲသေးတာ ယုံကြည်ရတဲ့သစ္စာ
ကြည်နူးမှုအပြည့်နဲ့မျှဝေရင်း တသက်တာအတွက်
ခရောင်းလမ်းများစွာကျော်ဖြတ်ရင်းပေါ့
တွဲလက်ကိုတင်းတင်းဆုပ် မဖြုတ်တမ်းလျှောက်လှမ်းမိမှာ ဧကန်ပဲမို့
ဖြတ်သန်းရမယ့် လမ်းမျိုးစုံမှာ
အားပေးစကားလေးအဖြစ် သူနဲ့ကိုယ့်နှုတ်ဖျားတွေက
ထွက်ကျကာ နှစ်သိမ့်မယ့်စကား     ချစ်တယ်.....

1 comments:

Unknown said...

နွေနေ့ခင်းပူပြင်းလည်း မင်းကို ငါသတိရတယ်...
မိုးဖွဲလေးတွေရွာသွန်းလည်း မင်းကို ငါသတိရတယ်...
ဆောင်းနှင်းတွေကျဆင်းလည်း မင်းကို ငါသတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်...
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကိုလွမ်းနေမိတယ်...
အချစ်ဆုံး.. အချစ်ဆုံး.. သူများတွေပြောတိုင်း ငါရယ်နေမိတယ်၊ အရူးတွေလို့ ထင်နေခဲ့မိတယ်...
ငါမင်းကိုချစ်မိတော့မှ အရူးဆိုတဲ့ဂုဏ်ပုဒ်ကို ငါကျေကျေနပ်နပ် ခံယူခဲ့တယ်ချစ်သူ...
အချိန်တိုင်းသတိရတယ်ဆိုတာ ဦးပန်ဒါတစ်ယောက်သိပါဦးမလား

Post a Comment

Related Posts Plugin for WordPress, Blogger...