Pages

တမ်းတ


အချစ်...
မချစ်နိုင်မှန်းသိနေလျက်နဲ့    
ငါလွမ်းဆွေးစွာ
တမ်းတနေဆဲ....
သူအချစ်ကို မရနိုင်ပေမယ့်
ပြောင်းလဲလို့မရပါလား ...
နှစ်ကိုယ်တူချစ်တဲ့
အချစ်စစ်ကို
ငါမရနိုင်တာအသေချာပါပဲ....
ဒါပေမယ့်
တစ်ဖက်သက်နဲ့
တိတ်တခိုးအချစ်တွေက
သူအနားမှာ
ရှင်သန်နေလို့ကောင်းနေဆဲ...
သူသိအောင်
ပြောပြချင်ပေမယ့်
သူမမြင်နိုင်တဲ့
ငါရင်တွင်းခံစားမှုကြောင့်
သူစိတ်ပင်ပန်းမှာ
ငါအလိုမရှိပါ..
ခံစားမှုတစ်ပွေ့တစ်ပိုက်နဲ့
ဗလောင်ဆူနေခဲ့တဲ့
တိတ်တခိုးအချစ်တွေနဲ့
နင့်ကိုချစ်နေဆဲပါ....

                  **အဖြည်ခံနှလုံးသား**

1 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအားပေးသွားပါတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...