Pages

ကောင်မလေးသိပါစေ

ကောင်မလေး  ....
ရင်ခုန်သံဆိုတာ လုပ်ယူလို့မှမရတာ
သူအလိုဖြစ်ပေါ်လာတဲ့ ငါ့နှလုံးသားစေခိုင်းမှုကို
မလွန်ဆန်နိုင်တာကို အပြစ်မယူပါနဲ့လား
ကောင်မလေး ...
လူတစ်ယောက်ကိုတစ်ယောက် ခင်မင်မှုမှာ
ရိုးသားဖြူစင်မှု ကင်းတဲ့  ၁၅၀၀ အချစ်တွေ
ငြိတွယ်ပြီး ငါမျက်လုံးတွေထဲက
မင်းကိုပြောနေမိတာ မင်းမျက်ဝန်းတစ်စုံက
လက်ခံပေးပါလား
ကောင်မလေး
ချစ်တာကိုဖွင့်ပြောဖို့ အင်အားမရှိဘဲ
ကြောက်၇ွံ့နေပေမယ့် မင်းအတွက်
ငါဘ၀နဲ့ထပ်ထူချစ်နေတဲ့  အချစ်တွေက
ငါရင်မှာ ဘယ်လောက်ထိ
ရှင်သန်ကြီးထွားနေတယ်ဆိုတာတော့
မင်းကိုနားလည်စေချင်ပါတယ်....
           
  ***အဖြည့်ခံနှလုံးသား***

1 comments:

စံပယ်ချို said...

လုပ်ယူလို့မရတဲ့ ရင်ခုန်သံလေးကိုလာရောက်ခံစားရင်း

Post a Comment

Related Posts Plugin for WordPress, Blogger...