Pages

ပြတင်း

ကလေးဘ၀တည်းက
အခုချိန်ထိ ...ထိမိသမျှ
ကျကွဲတတ်လွန်းလို့
စွဲမြဲစွာသောက်သုံးခဲ့တဲ့
ကောင်ဖီကိုတောင်မသောက်တော့ဖို့
ဆုံးဖြတ်ခဲ့မိတယ်..
အချစ်နတ်ဆိုးကပေးတဲ့
နှလုံးသားမှာစွမ်းအင်တွေ
ကုန်ခမ်းနေလို့ စနစ်ကျလွန်းတဲ့
ကံမကောင်းခြင်းတွေကိုပဲ
အပြစ်တင်ရမလား ....
ရနံ့မဲ့ ချစ်ခြင်းတွေနဲ့
နှစ်သိမ့်တတ်တဲ့
လေပြည်ညင်းလေးရေ
ငါ့ရဲ့ညပြတင်းထဲ
တိုးဝင်မလာပါနဲ့
ကြောက်လန့်နေတဲ့
နှလုံးသားလေးကို
ငြိမ်ငြိမ်နေခွင့်ပေးပါ

1 comments:

Unknown said...

ရနံ့မဲ့ ချစ်ခြင်းတွေနဲ့
နှစ်သိမ့်တတ်တဲ့
လေပြည်ညင်းလေးရေ
ငါ့ရဲ့ညပြတင်းထဲ
တိုးဝင်မလာပါနဲ့
ကြောက်လန့်နေတဲ့
နှလုံးသားလေးကို
ငြိမ်ငြိမ်နေခွင့်ပေးပါ

နှလုံးသားလေးကို ငြိမ်သက်ခွင့်ပေးပါတော့နော်

Post a Comment

Related Posts Plugin for WordPress, Blogger...