Pages

အလှန်းဝေးတဲ့ပန်း

အရေးမပါလှပေမယ့်
နံဘေးမှာနေချင်တာ
ငါမချွေရက်တဲ့ ပင်ယံထက်ကပန်း
တစ်ခြားသူချွေမှာ မလိုလားပေမယ့်
ငါလက်မှငြိုးငယ်မှာ စိုးရိမ်ပြန်တယ်
စွန့်လွှတ်ခြင်းမဟုတ်ပေမယ့်
ပိုင်ဆိုင်ရယူဖို့အတွက် သတ္တိတွေကင်းတော့
ဝေးကွာဖို့မရွည်ရွယ်သလို
နီးစပ်ဖို့ မကြိုးစားတဲ့ငါ့ကို
အမုန်းကြီးမုန်းရက်လေတယ်
မထိုက်တန်တဲ့ပန်း
နမ်းရှိုက်ဖို့ မ၀ံ့မရဲဖြစ်တာ
လွန်ဆန်လို့မရတဲ့ သဘာဝပါ
အထီးကျန်
အကျည်းတန်လူတစ်ယောက်ရဲ့
ရာဇ၀န်သမိုင်းမှာထင်ကျန်နေတဲ့
ဒဏ်ရာအက်ကြောင်းတွေ
မြိုင်နမ်းစံပန်းတစ်ပွင့်ရဲ့
သင်းရနံတွေကစတယ်
ချစ်ခြင်းအစ
မုန်းခြင်းကဆိုတာသိထားပေမယ့်
ချစ်ခြင်းနဲ့ စတဲ့အမုန်း
ဘယ်မှာဆုံးမှာလဲ..... 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...